အမြဲပြုံး​နေတဲ့ သူ​တွေမှာလဲ


အမြဲပြုံးနေတတ်တဲ့သူတွေမှာလည်း ဘယ်တော့မှသတိမရချင်တော့ လောက်အောင် မုန်းတဲ့အတိတ်တစ်ခု ရှိချင်ရှိနေနိုင်တယ်။ ဟာသတွေသိပ်ပြောတတ်သူတွေဟာလည်းသူ့ဘဝရဲ့ဒဏ်ရာဒဏ်ချက်တွေကို စကားလုံးတွေနဲ့ အရည်ဖျော် ပစ်နေတာဖြစ်နိုင်ပါတယ်။ ခပ်ပေါပေါနေတတ်သူတွေမှာလည်းပြန်မတူးဆွချင်တော့တဲ့အထိလေးနက်တဲ့နာကျင်မှုတွေရှိနေတတ်တယ် သူများတွေကိုအရမ်းနားလည်ပေးတတ်တဲ့သူတွေမှာလည်း ဘယ်သူမသိနိုင်တဲ့ ဘဝနာကျည်းချက်တွေရှိနေတတ်တယ် သူများကိုအရမ်းဦးစားပေးတတ်တဲ့သူတွေမှာလည်းဘယ်သူမှ စာနာမပေးခဲ့တဲ့ အပယ်ခံ နေ့ရက်တွေကိုပိုင်ဆိုင်ခဲ့ရဖူးတာတွေရှိတယ်။ စကားအရမ်းနည်းသွားတဲ့သူတွေမှာလည်း စကားလုံးတွေနဲ့ပုံဖော်လို့မရနိုင်လောက်အောင် ကြေကွဲမှုတွေမျိုသိပ်ထားရတာရှိတတ်ကြတယ်။ လွယ်လွယ်နဲ့မျက်ရည်မကျတတ်တဲ့သူတွေမှာလည်း မျက်ရည်တွေနောက်ထပ်မကျနိုင် လောက်တော့တဲ့အထိ ဝမ်းနည်းငိုကြွေးခဲ့ရ တဲ့နေ့တွေရှိနေတတ်တယ်။ အသည်းမာလှတယ်ဆိုတဲ့သူတွေမှာလည်း ဘယ်သူမှနားလည်မပေးနိုင်တဲ့ အသည်း နာစရာအကြောင်းအရာတွေရှိနေတတ်တယ်။ *လူတိုင်းကတော့ ခံစားချက်ကိုယ်စီနဲ့ဘဝကို လောင်စာလုပ်ပြီးသံသရာခရီးကိုခုတ်မောင်း နေကြတဲ့သူတွေပါပဲ။လူတစ်ယောက်ရဲ့အတိတ်အကြောင်းကိုဂဃနဏမသိဘဲ သူနဲ့ပတ်သက် ပြီးဝေဖန်ပုတ်ခတ်တာတွေမလုပ်ကြပါနဲ့။ ဒါကြောင့်တွေ့တုန်းဆုံခိုက်မှာလူအချင်းချင်းမတရားအနိုင်ယူခြင်းကနေကင်းဝေးကြပြီးနားလည် မှုရှိရှိနဲ့ လောကကြီးထဲမှာအတူယှဉ်တွဲနေထိုင် သွားကြတာကအကောင်းဆုံးပါပဲ အတူနေချိန်မှာချစ်ခြင်းမေတ္တာကိုအလေးနက် မထားမိတာလား မသိတာလား အမှုမဲ့ အမှတ်မဲ့  နေခဲ့ မိပေမဲ့  တစ်နေ့ နေ့ တစ်ချိန်ချိန်မှာခွဲခွာကျရပြီဆိုရင် တော့ လွမ်းတတ်လာတယ် … Continue reading အမြဲပြုံး​နေတဲ့ သူ​တွေမှာလဲ

ဂရုမစိုက်​ခြင်းအနုပညာ


ဂရုမစိုက်ခြင်း အနုပညာ ********************* "အချိန်တိုင်း ဖြူစင်နေဖို့ လိုသလား?" ဆိုရင် "ဟင့်အင်း "လို့ပဲ ဖြေမယ် ... အမြဲတမ်း လိမ္မာပြနေရတာဟာ အမြဲတမ်း ပျင်းဖို့ကောင်းတယ် ... လူလိမ္မာလို့ သတ်မှတ်ခံရမယ့် အခွင့်အရေးထဲမှာ ကိုယ့်လွတ်လပ်မှုကို အဆုံးမစီရင်ပစ်နိုင်ဘူး ... ဘဝကို တစ်ဖြောင့်တည်းဆွဲရတာ သိပ်ပျင်းစရာကြီးပဲ… ခေါက်ရိုးကျိုး ရိုးအီနေတဲ့ ပုံစံခွက်တွေနဲ့ပဲ တသမတ်ကြီး လျှောက်မနေချင်ဘူး ... ပြောင်းလဲနေမယ့် ထောင့်ချိုးတွေ၊ အကွေ့အကောက်တွေကို သဘောကျတယ် ... ကိုယ့်ကိုယ်ကိုယ် Version ပြောင်းနေရတာကြိုက်တယ် ... သူများကြိုက်မယ့် Version ကိုတော့ လိုက်ပြီးပြောင်းလဲမပေးနိုင်ဘူး ... လိုအပ်ရင် ကိုယ့် Version ကို သူတို့ သဘောကျလာအောင်ပဲ လုပ်တယ် ... လူတစ်ယောက်ရဲ့ မကောင်းမှု … Continue reading ဂရုမစိုက်​ခြင်းအနုပညာ

ခပ်ပြတ်ပြတ်လေးဝေးချင်တယ်


သံယောဇဉ်အနှောင်အဖွဲ့မှ ခပ်ပြတ်ပြတ်လေးဝေးချင်တယ် မှတ်သားဖူးခဲ့တဲ့ စာကြောင်းလေးတွေ ဖတ်ထားဖူးတဲ့ စာအုပ်လေးတွေက အထောက်အကူဖြစ်ကောင်းဖြစ်ခဲ့ပါရဲ့ တချို့သော သင်ခန်းစာပေးခဲ့သူတွေကိုလည်း တခါတရံ ကျေးဇူးတင်မိခဲ့သလိုလို တချို့အရာတွေကို ငေးကြည့်မိတတ်လာသလို အချို့ကိစ္စတွေကို ရေရေရာရာ တွေးမိတတ် ကြိုမြင်မိတတ် လာတာကလည်း အတွေ့အကြုံကောင်းတခုခု ရခဲ့လို့ဖြစ်မှာပဲ နှလုံးသားနုသူတချို့ရဲ့ ဝေ့ဝဲနေတဲ့ မျက်ရည်တချို့ကိုမြင်မိပြန်တော့လည်း ကိုယ့်လိုများဖြစ်ခဲ့တာလားလို့ထင်ပြီး စာနာ နားလည်စိတ်ကလေးနဲ့ မျက်ရည်စမှန်သမျှကို ကူသုပ်ပေးချင်မိတဲ့လက်ကလေးက သူအလိုလို ဟန်ပြင်မိခဲ့ပေါ့ အရာရာကိုစွန့်လွတ်တော့မယ်လို့ ဆုံးဖြတ်ချက်ချခဲ့ခြင်းထက် ကိုယ့်မာနတွေ ကိုယ့်အတ္တတွေကို ကိုယ် ကိုယ်တိုင်ပြန်ပြန်လျှော့ရတာလည်း ဘဝမှာ စိတ်အပင်ပန်းဆုံးလုပ်ရပ်တခုပဲကွယ် အခုနောက်ပိုင်း ကိုယ့်စိတ်ကလေး အေးချမ်းအောင်နေတယ် ကိုယ့်မေတ္တာလေးနဲ့ ခွင့်လွှတ်တတ်အောင်ကြိုးစားခဲ့သော်လည်း ထင်သလောက်တော့ ဖြစ်မလာခဲ့တာအမှန် ထပ်တလဲလဲရခဲ့မိတဲ့ နောင်တတွေရဲ့ကြား ကိုယ့်ဝင်သက်ကလေး အေးချမ်းစွာဖြောင့်ဖြူးစေဖို့ တခါတခါ ပင့်သက်ကလေးတွေကို အောင့်ထားခဲ့ရတာကလည်း အမောပေါ့လေ…… >>Ko Ar … Continue reading ခပ်ပြတ်ပြတ်လေးဝေးချင်တယ်

ငါ့ စရိုက်


ငါ့စရိုက်က ရွှင်လန်းတက်ကြွတာမျိုးတော့ မဟုတ်ဘူး။ ငါ့မှာလည်း စိတ်ညစ်ဝမ်းနည်းစရာတွေရှိတာပေါ့။ အိပ်ရေးပျက်တဲ့ညတွေ ရှိတာပေါ့။ ဘဝဆိုတာ တောက်ပခမ်းညားခြင်းတွေပဲ အမြဲရှိနေတာမှ မဟုတ်တာ.. ငါက အမြဲပြုံးရယ်နေတတ်လို့သာ အကောင်းမြင်စိတ် မွေးမြူထားလို့သာ လေထုသန့်ရှင်းပြီး ကြည်လင်နေရင် ငါ ပြုံးနေရော့.. ငါလေ လက်ဖက်ခြောက်လိုဖြစ်ချင်တယ်။ ဖန်ဖန်ခါးခါးတချို့ကို ရင်ထဲထည့်ပြီး မွှေးရနံ့တွေသာ ထုတ်လွှတ်ချင်ခဲ့တာ... တရုတ်ကဗျာဆရာ Wang Guozhen . #နိုင်းနိုင်းစနေ (Page) .

အယုံအကြည်မရှိ အဆိုတင်သွင်းချင်


အယုံအကြည်မရှိ အဆိုတင်သွင်းချင် °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° မျက်ရည် စို့နေပေမယ့် ဝမ်းမြောက်နေကြောင်း သိပါတယ်။ မင်းမှာ မျက်စိမရှိဘူး စိန်ကဲဖြတ်တဲ့ မှန်ဘီလူးတစ်စုံပဲ ရှိတယ်။ ပြုံးနေပေမယ့် ကောက်ကျစ်တတ်ကြောင်း သိပါတယ်။ မင်းမှာ သွားတက်ကလေးမရှိဘူး အစွယ်တစ်စုံပဲ ရှိတယ်။ ဆံပင်ဖားလျား ချထားပေမယ့် ဦးခေါင်းခွံထဲကို မြင်ပါတယ်။ မင်းမှာ ဦးနှောက်မရှိဘူး ချိန်ခွင်တစ်ခုပဲ ရှိတယ်။ အင်္ကျီဝတ်ထားပေမယ့် ရင်ခေါင်းထဲကို မြင်ပါတယ်။ မင်းမှာ နှလုံးသားမရှိဘူး မျက်ရည်ယိုဗုံးတစ်လုံးပဲ ရှိတယ်။ မင်းကို........ ငါ ကြောက်တယ်ကွယ်...။ ။ > မင်းလူ

{ တန်ဖိုးဖြတ်မရသော စကားများ }


{ တန်ဖိုးဖြတ်မရသော စကားများ } ~~~~~~~~~~~~~~~~~~~~~~ ကိုယ့်ကိုယ်ကို အထင်ကြီး စိတ်ကြီးဝင်နေလျှင် သူတပါးကို အထင်သေးတာ သဘာဝပဲ။ တစ် ဘဝ၏ ငါ့အဖြစ်ကို မကြည့်ပါနှင့်။ တစ် သံသရာလုံးရဲ့ ငါ့အဖြစ်ကိုကြည့်ပါ။ ( မဟာဂန္ဓာရုံဆရာတော် ) ~~~~~~~~~~~~~~~~~~~~~~~~ သတ္တဝါတိုင်း မာန်ရှိကြတယ်။ အသိဉာဏ် မပြည့်စုံခင်တော့ မဆိုသာဘူး။ အသိဉာဏ် ရင့်ကျက်လာမှ မာန်တက်တာ ဟန်မကျဘူး။ (ရွှေကျင်သာသနာပိုင် မြောင်းမြဆရာတော်) ~~~~~~~~~~~~~~~~~~~~~~~~ အဆိုးလောကဓံကို ကြိတ်မှိတ်ခံလို့ရတယ်။ အကောင်းလောကဓံကို ခံနိုင်ခဲတယ်။ ( အဘိဓဇမဟာရဋ္ဌဂုရု မစိုးရိမ်ဆရာတော် ဘဒ္ဒန္တသူရိယာဘိဝံသ ) ~~~~~~~~~~~~~~~~~~~~~~~~ အငြင်းရှိလျှင် ရှောင်။ အပြစ်ကင်းသည်။ ( ဘုန်းတော်ကြီး ဦးသီလ ) ~~~~~~~~~~~~~~~~~~~~~~~လူအများဟာ ဘယ်သူဟာ ကံကောင်းတယ်။ဘယ်သူဟာ … Continue reading { တန်ဖိုးဖြတ်မရသော စကားများ }

အယုံအကြည်မရှိ အဆိုတင်သွင်းချင်


အယုံအကြည်မရှိ အဆိုတင်သွင်းချင် °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°° မျက်ရည် စို့နေပေမယ့် ဝမ်းမြောက်နေကြောင်း သိပါတယ်။ မင်းမှာ မျက်စိမရှိဘူး စိန်ကဲဖြတ်တဲ့ မှန်ဘီလူးတစ်စုံပဲ ရှိတယ်။ ပြုံးနေပေမယ့် ကောက်ကျစ်တတ်ကြောင်း သိပါတယ်။ မင်းမှာ သွားတက်ကလေးမရှိဘူး အစွယ်တစ်စုံပဲ ရှိတယ်။ ဆံပင်ဖားလျား ချထားပေမယ့် ဦးခေါင်းခွံထဲကို မြင်ပါတယ်။ မင်းမှာ ဦးနှောက်မရှိဘူး ချိန်ခွင်တစ်ခုပဲ ရှိတယ်။ အင်္ကျီဝတ်ထားပေမယ့် ရင်ခေါင်းထဲကို မြင်ပါတယ်။ မင်းမှာ နှလုံးသားမရှိဘူး မျက်ရည်ယိုဗုံးတစ်လုံးပဲ ရှိတယ်။ မင်းကို........ ငါ ကြောက်တယ်ကွယ်...။ ။ > မင်းလူ

မျှော်လင့်ချက်(၅)မျိုး


မိဘတို့၏ သားသမီးအပေါ် ထားအပ်သော မျှော်လင့်ချက်(၅)မျိုး ၁။ မိဘနှစ်ဖြာ အိုမင်းလာ ပြန်ကာလုပ်ကျွေးကြလိမ့်မည်။ ၂။ မိဘတို့မှာ ပြုဖွယ်ရာ ကူကာလုပ်ပေး ကြလိမ့်မည်။ ၃။ မွေခံထိုက်ရာ ကျင့်ဖွယ်ရာ ကျင့်ကာမွေခံကြလိမ့်မည်။ ၄။ ကွယ်လွန်သောခါ လှူဖွယ်ရာ လှူကာ မျှဝေကြလိမ့်မည်။ ၅။ မျိုးရိုးစဉ်လာ ရှည်မြင့်ကြာ တည်ရာ ပြုကြပေလိမ့်မည် တဲ့။ Credit

လူတချို့ကြောင့်


ကိုယ့်ကို အရေးမလုပ်သူ တစ်ချို့ကြောင့် တစ်ယောက်တည်း ခပ်အေးအေးနေတတ်သွားတယ်.. စွန့်ခွာသွားတဲ့သူတစ်ချို့ကြောင့် မတည်မြဲခြင်းဆိုတဲ့ ဓမ္မအသိနဲ့ တရင်းတနှီးဖြစ်လာတယ်.. စကားကို ဗလောင်းဗလဲပြောတတ်သူတစ်ချို့ကြောင့် စကားမမှားရအောင် ဆင်ဆင်ခြင်ခြင်ပြောတတ်တဲ့ အကျင့်တစ်ခုရလာတယ်.. အပြစ်မြင်လွယ်တတ်သူတစ်ချို့ကြောင့် ခံစားဖို့ တုန့်ပြန်ဖို့ မလိုအပ်တာတွေကို သိမြင်လာရတယ်.. တာဝန်မဲ့သူတစ်ချို့ကြောင့် ကိုယ့်ကြောင့် လောကကြီး အကျည်းမတန်အောင် ပိုသတိထားဖြစ်သွားတယ်.. ရှုံ့ချတတ်သူတစ်ချို့ကြောင့် လူကဲ့ရဲ့စရာမဖြစ်အောင် ကိုယ့်ကိုကိုယ် ပိုဆင်ခြင်မိသွားတယ်.. အနိုင်ကျင့်လွန်းသူတစ်ချို့ကြောင့် တော်ရုံနဲ့သိပ်မဖြုံပဲ ကိုယ့်ရဲ့စိတ်ဓာတ်တွေ ပိုမာကျောလာတယ်.. ကိုယ့်အပေါ်အခွင့်အရေးယူလွန်းသူတစ်ချို့ကြောင့် လိမ္မာပါးနပ်ဖို့ မဖြစ်မနေသင်ယူတတ်လာတယ်.. တစ်ကယ်ပါ သူတို့ကြောင့်ပဲ ပိုရင့်ကျက်လာတယ်.. သူတို့ကြောင့်ပဲ ဆင်ခြင်တုံတရား ပိုရှိလာတယ်.. သူတို့ကြောင့်ပဲ ပိုသတိရှိလာတယ်.. သူတို့ကြောင့်ပဲ လူတွေအကြောင်းကို ပိုသိလာတယ်.. အပြစ်မြင်ရတာ အပြစ်တင်ရတာ စိတ်ပင်ပန်းပါတယ်.. ကြံဖန်ကျေးဇူးတင်လိုက်တာ ကောင်းပါတယ်လေ.။ ref: ယောဆရာတော် #SKC

“သစ္စာလေးပါးမြတ်တရား”


🚩 ❝ သစ္စာလေးပါး မြတ်တရား ❞ ❕ဘုရားပေါင်း အသင်္ချေပွင့်သွားတာ ဘယ်ဘုရားနဲ့  မှလဲမမှီ ရှင်ပစ္စေကဗုဒ္ဓာတွေ ပွင့်သွားတာ ဘယ်ရှင်ပစ္စေကဗုဒ္ဓတွေမှလဲမမှီ ဘာကြောင့်မမှီခဲ့သလဲဆိုရင် ဘုရားတွေကို ကျောခိုင်းခဲ့လို့ ။ ❕အဲ့တော့ ဘာတွေနဲ့ ပျော်နေကြသလဲ ? လောကီမှာ အာရုံ(၅) အာရုံ(၆) အာရုံနဲ့ တိုက်ခိုက်တိုင်း ဒီအာရုံ(၅)အာရုံ(၆)အာရုံနဲ့ ဘဲ ပျော်နေကြတယ် ••• ဒါနဲ့ ဘဲပျော်နေကြတယ်။ 🔺 ❝ အတိတ်အကြောင်း ပစ္စုပ္ပန် အကျိုး ❞ ❕သတ္တလောက ၊ သင်္ခါရလောက ၊ သြကာသလောက ဆိုပြီး လောကသုံးပါးရှိတယ်နော် ••• သတ္တလောကဆိုတာ သတ္တ၀ါတွေဖြစ်နေတာ ဘာကြောင့်ဖြစ်သလဲလို့ အကြောင်းပြန်ရှာ။ အတိတ်က အကြောင်းအတရားမို့ လို့  ခန္ဓာငါးပါးလာဖြစ်နေကြတာ။ … Continue reading “သစ္စာလေးပါးမြတ်တရား”

ဗေဒါ ။ ။ အတ္တတွေကင်းပါတဲ့


အတ္တတွေကင်းပါတဲ့ အရပ်ဒေသတစ်နေရာရာမှာ အေးအေးချမ်းချမ်းလေး ပွင့်ဖူးလိုက်ချင်တယ် ဒုက္ခဆိုတာတွေနဲ့လည်း ဘယ်သူ့ကိုမှ လက်မတို့ချင်မိခဲ့ သောက လေးတွေကိုလည်း တစ်ဦး တစ်ယောက်ကိုမှ မမျှဝေချင်မိခဲ့ ဟိုး ခပ်ဝေးဝေးရေပြင်လေးမှာ အလိုက်သင့်ကလေးစီးမျှောလို့ အေးအေးချမ်ချမ်းလေး ဖူးပွင့်နေပါတဲ့ ပန်းဗေဒါရဲ့ ဘဝမျိုးလေးကိုတော့ အားကျမိခဲ့ပါရဲ့ ဘယ်သူမှ မမြတ်နိုးချင်တော့တဲ့ ပွင့်လွှာလေးကလည်း သူ့အဆင်းလေးနဲ့သူ ဘယ်သူမှ မနမ်းရှိုက်ချင်တော့တဲ့ ရနံ့သင်းသင်းလေးကလည်း သူ့ကုသိုလ်လေးနဲ့သူ ဘယ်သူ့ကိုမှလည်း မမြူဆွယ်ခဲ့မှတော့ တစ်ဦးတစ်ယောက်ရဲ့ စိတ်မဝင်စားမှုဘဝလေးသာ ဖြစ်ဖူးလိုက်ချင်မိခဲ့ပေါ့ ဒဏ်ရာအနာတရဆိုတာကလည်း ပြုသူရှိမှ ဖြစ်တတ်ကြပြန်တော့ နာကျည်းမှုတွေနဲ့လည်း ကမ်းစပ်လေးကိုလည်း လှည့်မကြည့်ချင် ဆုပ်ကိုင်ထားမှု အနှောင်အဖွဲ့လေးတွေကိုလည်း ခပ်ဝေးဝေးထား ကျောခိုင်းလို့ နေမိခဲ့ချင် ပေးခဲ့မိတဲ့ မေတ္တာစစ်စစ်ဟာ ဘာဆို ဘာတစ်ခုမှ ရောင်ပြန်မဟတ်တဲ့အခါ သဟဇာတတည့်အောင်တော့ ဘဝကို အလိုက်သင့်ကလေး စီးမျှောရင်း အချိန်ဆိုတာ ကုန်းဆုံးခဲ့ကြရပြန်ပေါ့ … Continue reading ဗေဒါ ။ ။ အတ္တတွေကင်းပါတဲ့

နှလုံးသားထဲက”မြတ်သော… ”မဟာ ဗုဒ္ဓ”


ကြိုက်ရင် လက်ခံရင် ဘယ်သူပဲဖြစ်ဖြစ် လွတ်လပ်စွာ မျှဝေနိုင်သည်။ ``ဗုဒ္ဓဘာသာအပေါ် ပညာရှင်များ၏အမြင်များး´´ ~~~~~~~~~~~~~~~ ဗုဒ္ဓဘာသာအပေါ် ကမ္ဘာတစ်လွှားက နာမည်ကျော်ကြားသော ပညာရှင်များ၏ အမြင်များကို စုဆည်းတင်ပြအပ်ပါသည်။ (၁) ဗုဒ္ဓဘာသာဟာ လူသားတိုင်း အတွက်ဖြစ်ပေမဲ့ လူသားအားလုံးက ဗုဒ္ဓဘာသာမဖြစ်ခဲ့ကြဘူး။ (အိုင်စတိုင်းလ် - Albert Einstein) (၂) ဗုဒ္ဓသည် ဘာသာပြောင်းသူများကို အနိုင်ယူရန် တရားဟောခြင်း မဟုတ်ဘဲ၊ တပည့်သာဝကတို့ကို အသိဥာဏ် အလင်းရရှိစေရန် တရားဟောခြင်း ဖြစ်သည်။ (စာရေးဆရာတစ်ဦး) (၃) ဗုဒ္ဓနှင့် သာမန်လူသားတစ်ဦး၏ ကွဲပြားချက်မှာ လူကောင်းနှင့် အရူးကွဲပြားသကဲ့သို့ပင် ဖြစ်သည်။ (စာရေးဆရာတစ်ဦး) (၄) အကယ်၍ ခေတ်သစ်သိပ္ပံပညာလိုအပ်ချက်များနှင့် ဖက်ပြိုင်သည့် ဘာသာရေးတစ်ခု ရှိခဲ့သည်ဆိုလျှင် ၎င်းသည် ဗုဒ္ဓဘာသာ ဖြစ်ပေလိမ့်မည်။ (အိုင်စတိုင်းလ် - … Continue reading နှလုံးသားထဲက”မြတ်သော… ”မဟာ ဗုဒ္ဓ”

“တစ်သက်တာရယ်က’ထာဝရမို့ ”


တစ်သက်တာရယ်က ထာဝရမို့ ထားခဲ့ရက်လဲ နေခဲ့ဖို့ပြင် လှမ်းခဲ့မယ်ဆိုလဲ ကြိုပါ့မယ်ခင် လွမ်းခဲ့တဲ့ရက်တွေအတွက်လဲ အတိုးချလို့ ခင်ဆီရိုကျိုးဦးညွှတ်ပါ့မယ် စေလိုရာစေလို့ နေစေချင်လည်း ဝေးဝေးနီးနီးမငြီးညူဘဲ အလိုရှိသလို အသုံးချ သတိနဲ့ပြင် အမြဲအဆင်သင့်ပါခင် နုတ်ထွက်အမိန့်တိုင်းအတွက် မဆန့်မကျင် မငြိုညင်ခဲ့ မျက်နှာတော်တချက်လေး မငြိုးငယ်စေရပါဘူး ပေးဆပ်ဖို့သာပြင်ဆင်ခဲ့သူပါခင် လျှောက်မယ်ဆိုလဲ ရဲရဲနင်းဖို့ ကျောခင်းကာပေး ဆူးမငြိစေချင်သူပါခင် ခင်မွှေးပါစေရယ်လို့ ပျိုးထားပေးတဲ့ပန်းတစ်ခင်း အလွမ်းတွေပွင့်မယ်ဆိုလဲ မကြွေမလွင့် ဒီအပွင့်ကို တစ်သက်စာရယ်မှတ် ရေလောင်းပေါင်းသင် ခင့်အတွက်ဆိုအမြဲ ကြည်ဖြူပေးမဲ့သူပါခင်။ ။ #အဖြူရောင်